အနူလေးယောက်

ကျွန်တော်တို့ ကျမ်းစာဖတ်ခြင်းဖြင့် အစပြုကြပါစို့။ ကျေးဇူးပြု၍၊ ဓမ္မရာဇဝင်၊ စတုတ္ထစောင် အခန်းကြီး (၇) အငယ်(၁)မှ (၉)အထိ၊ ဖတ်ကြပါစို့။

ဧလိရှဲက၊ ထာဝရဘုရား၏ စကားတော်ကို နားထောင်ကြလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ နက်ဖြန်နေ့ယခုအချိန်ရောက်လျှင်၊ ဂျုံမုန့်ညက် တစိတ်ကို ငွေတကျပ်၊ မုယောဆန်တခွဲကို တကျပ်နှင့် ရှမာရိမြို့တံခါး ဝ၌ ရောင်းရလိမ့်မည်ဟု ဆင့်ဆို၏။ ရှင်ဘုရင် မှီခြင်းကိုခံရသော အမတ်က၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်၌ ပြင်တင်းပေါက်တို့ကို ဖွင့်လှစ်တော်မူလျှင်၊ ထိုသို့ဖြစ်နိုင်ကောင်းသည်ဟု ဘုရားသခင်၏ လူအားဆိုသော်၊ ဘုရားသခင်၏ လူက၊ သင်သည် ကိုယ်မျက်စီနှင့် မြင်ရသော်လည်း မစားရဟုပြန်ပြော၏။ ထိုအခါ မြို့တံခါး၌ ထိုင်လျက်ရှိသောလူနူ လေးယောက်တို့က၊ ငါတို့သည် သေသည်တိုင်အောင် အဘယ်ကြောင် ဤအရပ်၌ ထိုင်ရမည် နည်း။ မြို့ထဲသို့ဝင်လျှင် အစာခေါင်းပါးသောကြောင့် သေရမည်။ ဤအရပ်၌ ထိုင်လျက် နေလျှင်လည်း သေရမည်။ သို့ဖြစ်၍ ရှုရိတပ်သို့ ဝင်စားကြကုန်အံ့။ သူတို့သည် အသက်ရှင် စေလျှင်ရှင်ရမည်။ သတ်လျှင် သေရမည်ဟု တိုင်ပင်ပြီးလျှင်၊ မိုဃ်း မလင်းမှီထ၍ ရှုရိတပ်သို့သွားကြ၏။ တပ်ဦးသို့ ရောက်သောအခါ အဘယ်သူကိုမျှမတွေ့ကြ။ အကြောင်းမူကား၊ ရှုရိလူတို့သည် ရထားစီးသူရဲ၊ မြင်းစီးသူရဲ၊ များစွာသော ဗိုလ်ခြေအသံကို ကြားစေခြင်းငှါ၊ ထာဝရဘုရားပြုတောမူသဖြင့်၊ သူတို့က ဣသရေလရှင်ဘုရင်သည် ငါတို့ကို တိုက်စေခြင်းငှါ၊ ဟိတ္တိမင်းများ၊ အဲဂုတ္တု မင်းများတို့ကိုငှါးပြီးဟု တယောက်ကိုတယောက် ဆိုလျက်၊ မိုဃ်းမလင်းမှီ ထ၍ သူတို့တဲ၊ မြင်း၊ မြည်းအစရှိသော တတပ်လုံးကို စွန့်ပစ်၍ ကိုယ်အသက် လွတ်အောင် ပြေးကြ၏။ လူနူတို့သည် တပ်ဦးသို့ ရောက်သောအခါ၊ တဲတခုထဲသို့ ဝင်၍ စားသောက်ပြီးမှ၊ ရွေငွေအဝတ်တန်ဆာကို ယူသွားပြီးလျှင် ဝှက်ထားကြ၏။ နောက်တဖန် အခြားသောတဲသို့ ဝင်၍၊ ဥစ္စာများကို ယူသွားပြီးလျှင် ဝှက်ထားကြ၏။ သို့ရာတွင်၊ ငါတို့သည် ကောင်းမွန်စွာ မပြုပါတကား။ ယခုနေ့သည် ကောင်းသော သိတင်းကိုကြားပြောရသော နေ့ဖြစ်လျက်၊ ငါတို့သည် မကြားမပြော ဘဲနေပါပြီ တကား။ မိုဃ်းလင်းသည် တိုင်အောင် မပြောဘဲနေလျှင် အမှုတစုံတခု ရောက်လိမ့်မည်။

ချစ်လှစွာသော ခရစ်ယာန်များနှင့် Busan မြို့သူ မြို့သားများခင်ဗျား၊ နေကောင်းကြရဲ့လား? Busan မြို့ကို ရောက်ရောက်ချင်းပဲ ကျွန်တော်ကြားရတဲ့ သီချင်းကတော့၊ “ဇင်ယော်တွေ ပျံသန်းရာနေရာ၊ နှင်းဆီဖယောင်းပန်းတွေ ပွင့်ဖူးရာနေရာ၊ ကျွန်တော်ရဲ့ မွေးဖွားရာဇာတိ Busan…” ကျွန်တော်ကြားရတာ အရမ်းစိတ်လှူပ်ရှားမိပါတယ်။ ကျွန်တော့်အနေနဲ့ ထောင်ပေါင်းများစွာသော မိတ်ဆွေများရှေ့ မှာသော်၎င်း၊ Radioမှာသော်၎င်း တရားဟောခဲ့ဖူးပါတယ်။ ဒါပေမဲ့၊ အခုလိုခံစားမူမျိုး တစ်ခါမျှမဖြစ်ခဲ့ ပါဘူး။ တနည်းအားဖြင့် ဆိုရရင်၊ တစုံတယောက်ကို ပထမဦးဆုံး ချစ်ခဲ့မိတဲ့ လူတစ်ယောက်၏ နှလုံးခုန်သလိုမျိုး ခံစားနေရပါတယ်။

မိတ်ဆွေများခင်ဗျား၊ ဒီညီလာခံကြီးအားဖြင့်၊ မိတ်ဆွေတို့ရဲ့ အပြစ်တွေဟာ ဆေးကြော သန့်စင်သွားလိမ့်မယ် ဆိုတာကို ကျွန်တော်ပြောပြချင်ပါတယ်။ မိတ်ဆွေတို့ အနေနဲ့ “သာယာနေ့၊ သာယာနေ့၊ ခရစ်တော်ဟာ ကျွန်ုပ်တို့အပြစ်များကို ဆေးကြောခဲ့ပြီး၊ သင့်အပြစ်တွေဟာ နီရဲနေသော်လည်း၊ မိုးပွင့်လို ဖြူစင်စေလိမ့်မည်” ဆိုတာကို အများကြီးကြားဖူးမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီတစ်ပတ်မှာ ဒီအရေးကြီးတဲ့ အကြောင်းအရာနဲ့ တစ်ထပ်တည်း မိတ်ဆွေတို့မှာလည်း ဘယ်လိုဖြစ်လာနိုင်တယ် ဆိုတာကို ပြောပြချင်ပါတယ်။ အရေးကြီးဆုံးကတော့၊ မိတ်ဆွေတို့ရဲ့ နှလုံးသားတံခါးကို ဖွင့်ပြီး နားထောင်ဖို့ပါပဲ။

ဘယ်လိုလဲ? မိတ်ဆွေတို့ရဲ့ စိတ်နှလုံးကိုဖွင့်ထားရမယ် မဟုတ်လား? လွန်ခဲ့တဲ့အချိန်က ကျွန်တော်ဟာ Yeachun လေတပ်စခန်းမှာ ပြုလုပ်ခဲ့တဲ့ ညီလာခံကို ဦးဆောင်ခဲ့ရပါတယ်။ အဲဒီလေတပ်မှာရှိတဲ့ လေတပ်သားတွေကို ဧဝံဂေလိ ဟောခဲ့ဖူးပါတယ်။ တစ်ညနေမှာ ဧည့်ခံပွဲတစ်ခုကျင်းပပါတယ်။ အစားအသောက်တွေကို စားသောက်ပြီး ထိုင်နေတဲ့အချိန်မှာ လေယာဉ်မောင်းတစ်ဦးရဲ့ ဇနီးသည်က “ဆရာ၊ ဆရာ့ရဲ့စိတ်နှလုံးတံခါးကို ဘယ်သူဖွင့်ပါသလဲ?” လို့မေးလာပါတယ်။ “သင်၏ စိတ်နှလုံး တံခါးကိုဖွင့်ပါ” အများစုကဘာကို သိထားသလဲဆိုရင်၊ “ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်၊ ဒုတိယမွေးခြင်းရတယ်ဆိုတာပဲ။ မိတ်ဆွေဟာ အပြစ်လွတ် ခြင်းအခွင့်ကို လက်ခံရရှိမယ်။” ဒါပေမဲ့၊ သူတို့တွေဟာ ဒီအကြောင်းအရာ ဘယ်လိုဖြစ်လာတယ် ဆိုတာ မသိကြတဲ့အတွက်၊ မသေမချာဖြစ်နေ ကြပါတယ်။ ကျွန်တော့်အနေနဲ့ ဗိမာန်တော်ကို သွားခဲ့တာကြာပါပြီ။ ဒါပေမဲ့၊ ကျွန်တော်ရဲ့ အပြစ်တွေကို သန့်စင်စေဘို့ ဘယ်လိုလုပ်ရမယ်ဆိုတာ မသိခဲ့ပါဘူး။ ကျွန်တော့်အနေနဲ့ နောင်တရပြီး အပြစ်ကို ဝန်ချတောင်းပန်ခြင်းကိုသာ ပြုလုပ်ရမယ်လို့ ထင်ခဲ့ပါဘာတယ်။ ဒီလို ပြုလုပ်ပေး ခြင်းအားဖြင့်၊ ဆေးကြောသန့်စင်သွားမှာပဲ လို့ထင်ပေမဲ့၊ မဖြစ်လာပါဘူး။ ဒီအပြစ်ကြီးဟာ ကျွန်တော်တို့ရဲ့နှလုံးသားကို ဆက်လက်ပြီး ဖိစီးနေဆဲပါပဲ။ ကျွန်တော် ဘယ်လိုလုပ်ရမယ်ဆိုတာ မသိခဲ့ပါဘူး။ တကယ်တော့၊ မလွယ်လှဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါကြောင့် ဒီအပတ်မှာ မိတ်ဆွေကို ဝန်ထုပ်ဖြစ်စေနိုင်တဲ့ ဘယ်ရောကိုမှမပြောပြချင်သေးပါဘူး။

0 comments:

Post a Comment